Sunday, 29 April 2018

ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဒုတိယဗိုလ်မှူးကြီး တစ်ဦးမောင်းနှင် လာသည့် မော်တော်ယာဉ်အား ရှေ့ဘီးထောင်၍ စတန့်စီးသည့် ဆိုင်ကယ်ဖြင့် ၀င်တိုက်ပြီး စကေဘာဖြင့်ထိုးမှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး ၊ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်သည် ဧပြီ ၂၅ ရက် ည ၉ နာရီ ၄၅ မိနစ်တွင်အနီးစခန်းရှိ ပါမောက္ခချုပ် ဆရာတော်ကြီး၏ ဓမ္မသဟာယသာသနစင်တာမှ ရပ်ကွက်ကြီး(၉)ရှိ ၎င်း၏နေအိမ်သို့ေ မ်ာတော်ယာဉ်ဖြင့် ပြန်လာစဉ် ရပ်ကွက်ကြီး (၅)အစိုးရဧည့်ဂေဟာလမ်း၊ ဧည့်ဂေဟာဂိတ်အနီးသို့အရောက် လမ်းပေါ်၌ဆိုင်ကယ် ၄ စီးဖြင့် အမျိုးသား ၇ ဦးသည်ဆိုင်ကယ်စတန့်ပြုလုပ်၍ မောင်းနှင် နေကြောင်းတွေ့ရှိရသဖြင့် ရှောင်တိမ်း မောင်းနှင်စဉ် ဆိုင်ကယ်စတန့်ပြုလုပ်နေသည့် ဆိုင်ကယ် ၁ စီးဖြင့် မော်တော်ယာဉ် မတော်တဆပွတ်တိုက်မှု ဖြစ်ပွားခဲ့သည်။
ထို့သို့ပွတ်တိုက်မှုဖြစ်ပွားပြီးနောက် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်က မော်တော်ယာဉ်အား ရပ်တန့်ပြီး လိုအပ်သည့်အကူအညီများဆောင်ရွက်ပေးရန် ယာဉ်ပေါ်မှဆင်း၍ မေးမြန်းစဉ် ဆိုင်ကယ်စီး နင်းသူများအနက် ၃ ဦးမှ ၎င်းအားချုပ်ကိုင်၍ ၁ ဦးမှဝမ်းဗိုက်အား စကေဘာဖြင့်ထိုးခဲ့သဖြင့် ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်မှာ ပြင်းထန်စွာထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆိုးသွမ်းလူငယ် ၇ ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။
အဆိုပါဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်အား ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံတွင်အရေးပေါ် ခွဲစိတ် ကုသမှု များဆောင်ရွက်ခဲ့ရပြီး ပြန်လည်ကောင်းမွန်သည်အထိ ဆက်လက်ကုပေးလျက်ရှိသည်။ ထွက်ပြေးတိမ်း ရှောင်သွားသည့် ဆိုးသွမ်းလူငယ် ၇ ဦးအား ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်နိုင် ရေးအတွက် ပြင်ဦးလွင်မြို့၊ မြို့မရဲစခန်းတွင်အမှုဖွင့်၍ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment